
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မြို့ပေါ်ရှိ စေတနာမွန် စတိုးဆိုင်တွင် ရောင်းချနေသော ကလေး/ လူကြီး ဖြည့်စွက်စာများအား ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ဈေးကွက်အတွင်းရှိ ကလေး/ လူကြီး ဖြည့်စွက်စာအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော် ပြခြင်းများနှင့် ကိုက်ညီမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချမှုရှိပြီး ဆက်လက်၍လည်း ဥပဒေပါ ပြဌာန်းချက်များ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များအားလိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့် အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအညီ ရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
