Main menu

မန္တလေးစျေးကွက်ရှိနှင်းဆီပန်းစျေး

Powered by Drupal

                     တန်ဆောင်မုန်းလအခါသမယ မန္တလေးပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရ ခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့ မှထွက်သည့်ရောင်စုံ နှင်းဆီပန်းမျိုးစုံ  ဝင်ရောက်မှု များပြားလျက်ရှိပြီး၊   အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  စေျးကွက်အတွင်း ဆူးပါသော နှင်းဆီနှင့် ဆူးမဲ့နှင်းဆီ ခွဲခြား၍ စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း သိရှိရပါသည်။ ရိုးရိုးနှင်းဆီ နှင့် ရေမွှေးနှင်းဆီဟူ၍ နှစ်မျိုးတွေ့ရှိရပြီး၊နှင်းဆီပန်းများမှာ အဖြူရောင်၊အဝါရောင်၊ပန်းရောင်၊  မိတ်ကပ် ရောင်၊ လိမေ္မာ်ရောင်၊ကြက်သွေးရောင်နှင့် အနီရင့်ရောင်တို့ကို အများအပြားတွေ့ရှိရပါသည်။ ကြက်သွေး ရောင်နှင်းဆီပန်းမှာ ဝယ်ယူသူများ ပိုမိုနှစ်သက်ကြောင်း  သိရှိရပါသည်။  ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်သည့် လက်လီစျေးနှုန်းများမှာ နှင်းဆီပန်း ရိုးရိုး(၁၀ပွင့်ပါ) ၁ စီးလျှင်  ပန်းအဖူး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်၊ ပန်းအဖူး(သေး) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊ ရေမွှေးနှင်းဆီ ၃၅၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။တန်ဆောင်းမုန်းလအခါသမယဘုရားပွဲနှင့်အလှူပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍ပန်းမျိူးစုံစျေးကွက်တွင်နှင်းဆီပန်းအရောင်မျိုးစုံအရောင်းသွက်လျက်ရှိကြောင်း သိရှိ ရပါသည်။

DOCA(မန္တလေး)