
စားသုံးသူရေးရာဦးစီးဌာန၊ဈေးကွက်စောင့်ကြည့်ရေးအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ မိတ္ထီလာမြို့ပေါ်ရှိ အလှကုန်ပစ္စည်း အရောင်းဆိုင် များ အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ၊ ကုန်အညွှန်း အမှတ်အသားများပြည့်စုံဖော်ပြထားမှုရှိ/မရှိနှင့် သုံးစွဲရန်မသင့်ထုတ်ပြန်ထားသော အလှကုန်ပစ္စည်း များ ရောင်းချမှုမရှိစေရေးအတွက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စျေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မိတ္ထီလာမြို့ပေါ်ရှိ အလှကုန်ပစ္စည်း ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော အလှကုန်ပစ္စည်းများတွင် ကုန်စည် အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများကို ၂၀၁၉ စားသုံးသူ ကာကွယ်ရေးဥပဒေပြဌာန်းချက်နှင့် အညီဖော်ပြထားကြောင်း၊ သုံစွဲရန် မသင့်ထုတ်ပြန်ထားသော အလှကုန်ပစ္စည်းများအား ရောင်းချမှုမရှိ ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
