
ပဲခူးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အင်းတကော်RHCအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အင်းတကော်ရဲစခန်းမှ ဒုရဲအုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် ၁၈.၁၁.၂၀၂၅ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် အင်းတကော်မြို့ပေါ်ရှိ ဈေးဆိုင်များနှင့် အလှကုန်ဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ အထောက်အထားများရှိ/ မရှိ တို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါစစ်ဆေးရေးအဖွဲ့များအနေဖြင့် ဈေးဆိုင်များနှင့် အလှကုန်ပစ္စည်းများ ရောင်းချလျက်ရှိသော ဆိုင်ရှင်များအား မိမိရောင်းချလျက်ရှိသော ကုန်ပစ္စည်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ထောက်ခံချက်မရှိသော ကုန်ပစ္စည်းများ၊ သက်တမ်းလွန်အစားအသောက်များ ရောင်းချခြင်းမပြုမိစေရန်နှင့် အလှကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေး ဥပဒေအရ မြန်မာဘာသာဖြင့် ဖော်ပြထားသော ပစ္စည်းများကိုသာ ရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
