Main menu

ရန်ကင်းမြို့နယ်၊ (၆) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများသို့ စားအုန်းဆီရောင်းချမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           ၁၉.၁၁.၂၀၂၅ ရက်နေ့၊ နံနက် (၁၂း၂၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့်ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်က ဖြန့်ဖြူးသည့်ကုမ္မဏီ များမှတဆင့်လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များအနေဖြင့်သတ်မှတ်ရည်ညွှန်း ဈေးအပေါ် ၂ ရာခိုင်နှုန်းဖြင့်ရောင်းချမှုအခြေအနေတို့ကို ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့်တစ်လလျှင် (၁) အိမ်ထောင်စုစားအုန်းဆီရရှိမှုပိဿာတို့ကိုကွင်း ဆင်းစစ်ဆေးခဲ့ရာရန်ကင်းမြို့နယ်၊ (၆)ရပ်ကွက်အတွင်းရှိအိမ်ထောင်စု (၁၁)စုအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး  THAN THAR Co.ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)