
နယူးဇီလန်နိုင်ငံ၏ စုစုပေါင်းအသားတင်ပို့မှုသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်တွင် စံချိန်တင် နယူးဇီလန်ဒေါ်လာ ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံ) သို့ ရောက်ရှိခဲ့ကြောင်း Stats NZ မှ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ယင်းသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်တွင် သတ်မှတ်ထားသော ယခင်နှစ်စဉ် အမြင့်ဆုံးဖြစ်သော နယူးဇီလန်ဒေါ်လာ ၉.၉ ဘီလီယံ (ဒေါ်လာ ၅.၅၅ ဘီလီယံ) ကို ကျော်လွန်ကာ နှစ်စဉ်အသားတင်ပို့မှုတန်ဖိုးသည် နယူးဇီလန်ဒေါ်လာ ၁၀ ဘီလီယံ မှတ်တိုင်သို့ ရောက်ရှိခဲ့ကြောင်း စာရင်းအင်းဌာနထုတ်ပြန်ချက်အရ သိရသည်။ အသားတင်ပို့မှုတန်ဖိုးသည် အချိန်နဲ့အမျှ တိုးလာမြင့်လာကြောင်း Stats NZ နိုင်ငံတကာအကောင့်မှ ပြောရေးဆိုခွင့်ရှိသူ Viki Ward က ပြောကြားခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်တွင် စုစုပေါင်းအသားတင်ပို့မှုတွင် နယူးဇီလန်ဒေါ်လာ ၁.၆ ဘီလီယံ (ဒေါ်လာ သန်း ၉၀၀) တိုးလာခြင်းသည် သိုးသားနှင့် အမဲသား တင်ပို့မှုအတွက် ယူနစ်စျေးနှုန်းများ မြင့်မားခြင်းက အဓိကတွန်းအားဖြစ်လာခဲ့ကြောင်း သိရသည်။ အမေရိကန် ပြည်ထောင်စုသည် နယူးဇီလန်၏ ထိပ်တန်းအမဲသားတင်ပို့သည့် ဈေးကွက်ဖြစ်ပြီး ဥရောပသမဂ္ဂသည် သိုးသားများအတွက် ထိပ်တန်းနေရာဖြစ်ကြောင်း Viki Ward က ထပ်လောင်းပြောကြားခဲ့သည်။ သိုးသားတင်ပို့မှုမှာ နယူးဇီလန်ဒေါ်လာ ၉၅၁ သန်း (ဒေါ်လာ ၅၃၂.၆၉ သန်း) မြင့်တက်ခဲ့ပြီး အမဲသားတင်ပို့မှုမှာ နယူးဇီလန်ဒေါ်လာ ၆၂၅ သန်း (ဒေါ်လာ သန်း ၃၅၀) တိုးမြင့်ခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်တွင် နယူးဇီလန်နိုင်ငံမှ စုစုပေါင်း ပို့ကုန်တန်ဖိုးသည် နယူးဇီလန်ဒေါ်လာ ၇၉.၄ ဘီလီယံဒေါ်လာ (၄၄.၄၇ ဘီလီယံ ဒေါ်လာ)၊ ယခင်နှစ်ထက် နယူးဇီလန်ဒေါ်လာ ၉.၈ ဘီလီယံဒေါ်လာ (၅.၄၉ ဘီလီယံဒေါ်လာ) တိုးလာခဲ့ကြောင်း Stats NZ မှ ပြောကြားချက်အရ သိရှိရပါသည်။
Source: Xinhua
DOCA (ရန်ကုန်)
