Main menu

“ ကျောက်ဆည်မြို့ ရှိ ကလေးနှင့်လူကြီး အာဟာရဖြည့်စွက်စာအမျိုးမျိုးရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး”

Powered by Drupal

           ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှစစ်ဆေးရေးအရာရှိများသည် နိုဝင်ဘာလ (၁၈)ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကလေးနှင့် လူကြီးအာဟာရဖြည့်စွက်စာ အမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်၊ စတိုးဆိုင်များနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွား‌ရောက်၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ကျောက်ဆည်မြို့ရှိကလေးနှင့် လူကြီးအာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/ မရှိ စစ်ဆေးခဲ့ကြရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာ ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ထိုသို့ စစ်ဆေးရာတွင် ခွင့်ပြုချက်၊ ထုတ်လုပ်မှု၊ အမှတ်စဉ်နှင့် ထောက်ခံချက် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကလေးနှင့် လူကြီး အာဟာရဖြည့်စွက်စာနှင့် စပ်လျဉ်း၍ တရားမဝင်ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ပြီး သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ပါဝင်သော တရားဝင်ကုန်စည်များကို ဈေးကွက်အတွင်း ဦးစားပေးရောင်းချရန် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်ခြင်း ခံရမည်ဖြစ်ကြောင်း ပြေားကြားခဲ့ပြီး ဆက်လက်၍လည်း  စဉ်ဆက်မပျက် ကွင်းဆင်းစစ်‌ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)