
(၂၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်း၍ အမှတ်(၁၉)(က)၊ ဇင်္ဂမလမ်း၊ (၂)မြောက်ရပ်ကွက်၊ သာကေတမြို့နယ်ရှိ မိတ်ဆက်ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ မြန်မာဆန်/စပါးအွန်လိုင်း (Myro)တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)က ဈေးကွက်အတွင်းရှိ စားသုံးဆန်များအားပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချပေးနိုင်ရေးဆွေးနွေးပြောကြားခဲ့ပြီး ဆန်စပါးသိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅ နှင့်အထက်သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုးကိုပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် www.myro.com.mm တွင်ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
