Main menu

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးသည် ၂၇.၁၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း၊ ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် လုပ်ငန်းပိုင်ရှင်၏ နေရပ်လိပ်စာ၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်၊ ရပ်ကွက်ထောက်ခံချက်၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်းထောက်ခံချက်၊ လုပ်ငန်း၏ Logo နှင့် မှတ်ပုံတင်ထားသော ကုန်စည်၊ ဝန်ဆောင်မှု ကိုက်ညီမှုရှိ/ မရှိနှင့် အခြားအချက်အလက်များ ပြည့်စုံမှုရှိ/ မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)