
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးကျော်ဇင်ထွေး သည် ၂၈-၁၁-၂၀၂၅ ရက် နေ့တွင် သောက်ရေသန့်ထုတ်လုပ်သည့် TPP သောက်ရေသန့် စက်ရုံမှ လုပ်ငန်းရှင်(၂)ဦးနှင့်တွေ့ဆုံ၍ စက်ရုံ၌ထုတ်လုပ်သည့်သောက်ရေသန့်ဗူးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဒု-ဦးစီးမှူး ဦးကျော်ဇင်ထွေးက လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင် ညွှန်ကြားချက်အမှတ်( ၂/၂၀၁၉ ) အရ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များအရ သောက်ရေသန့်ဗူးများတွင် မဖြစ်မနေဖော်ပြရမည့် ကုန်စည် ၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့် အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များအား ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါ သည်။
DOCA(ကယား)
