စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ကြက်သွန်ဖြူကို မုံရွာမြို့နယ်အတွင်း၌လည်း တပိုင်တနိုင် စိုက်ပျိုးလျက်ရှိကြပြီး၊ ယခင်နှစ်စိုက်ပျိုးချိန်တွင် ထွက်ရှိမှုနည်းပါးနေခြင်း၊ ဒေသထွက်များ လှိုင်လှိုင်မပေါ်သေးခြင်းကြောင့် ကြက်သွန်ဖြူကို အောင်ပန်း၊ ကလောတို့မှ သယ်ယူကာ ရောင်းချလျက်ရှိကြောင်း၊ လက်ရှိ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ယခုနိုဝင်ဘာလ တတိယပတ်တွင် ကြက်သွန်ဖြူ ရှမ်းစ တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၆၅၀၀)၊ ယခင် အောက်တိုဘာလတတိယပတ်တွင် ကြက်သွန်ဖြူ ရှမ်းစ တစ်ပိဿာလျှင် ကျပ် (၄၅၀၀) ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၆၀၀၀) ဖြင့်ရောင်းချ လျှက်ရှိကြောင်း၊ ယခုနိုဝင်ဘာလ တတိယပတ်နှင့် ယခင် အောက်တိုဘာလ တတိယပတ် နှိုင်းယှဉ်မည်ဆိုလျှင် ရှမ်းစ တစ်ပိသာလျှင် ကျပ် (၁၀၀၀)ခန့်၊ (ကြူကုတ်) တစ်ပိဿာလျှင် (၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်လျှက်ရှိကြောင်း မုံရွာမြို့၊ မြသလ္လာဈေးတွင် ရောင်းချနေသော ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)