Main menu

မုံရွာမြို့ ကျောက္ကာလမ်းဘေးတစ်လျောက်ရှိ အုန်းသီးနှင့် ရှောက်ပန်းသီးဈေးနှုန်း

Powered by Drupal

          မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတစ်လျောက်တွင် တွင်းမဒေသထွက် အုန်းသီးများ အဓိက ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။  အုန်းပင်ကို  အရွက်အလက်မှစ၍ အုန်းမြစ်အထိ လူသုံးကုန်ပစ္စည်းအမျိုးမျိုးလည်း ပြုလုပ်နိုင်ပါသည်။

          မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် ဒီဇင်ဘာလ ပထမပတ်၌ ဖြစ်ပေါ်နေသော အုန်းသီးဈေးနှုန်းများမှာ အုန်းစိမ်းရေသောက် အုန်းသီး အနု/အရင့်၊  အကြီး/ အသေးပေါ်မူတည်၍  အုန်းသီးတစ်လုံးလျှင် (၂၄၀၀)ကျပ်မှ (၃၃၀၀)ကျပ်အထိလည်း‌ကောင်း၊ ရှောက်ပန်းသီး တစ်လုံးလျှင် (၂၀၀၀)ကျပ်မှ (၂၆၀၀)ကျပ်ဖြင့်လည်းကောင်း မုံရွာမြို့၊ ကျောက္ကာလမ်း‌ဘေး တစ်လျောက်တွင်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)