
မန္တလေးစျေးကွက်အတွင်း ဒီဇင်ဘာလပထမပတ်တွင် စားဖိုစောင်သီးနှံငရုတ်သီး ခြောက်ပေါက်စျေးမှာ ပြောင်းလဲမှုမရှိဘဲ ငြိမ်နေကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း စားဖိုစောင်သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် တွင် ငရုတ်သီးခြောက်စိုက်ပျိုးမှု ၁၀၈၉၇၃ ဧက၊ရိတ်သိမ်းမှု ၉၇၆၆၂ ဧက၊ အထွက်နှုန်း ၂၈၃.၁၁ တင်း၊ထွက်ရှိမှု ၂၇၆၄၉၄၁၀ တင်း ဖြစ်ကြောင်း သိရှိရပါသည်။မန္တလေးစျေးကွက်အတွင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ငရုတ်ခြောက်တစ် ပိဿာလျှင် လက္ကားစျေး ၁၁၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊လက်လီစျေး ၁၂၅၀ဝိ/- နှင့် ၁၃၅၀ဝိ/-ဖြစ်ပြီး၊ လက်လီ စျေး ငရုတ်သီး(အကြမ်းမှုန့်) ၁၅၀၀ဝိ/-၊ အရောင်တင်မှုန့်(အနုမှုန့်) ၁၆၀၀ဝိ/-နှင့် ၁၇၅၀ဝိ/-စျေးတို့ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ငရုတ်သီးခြောက်စျေးနှုန်းမှာယခင်လပေါက်စျေးနှင့်နှိုင်းယှဉ်ပါကစျေးငြိမ်နေကြောင်း သိရှိရပါသည်။
DOCA( မန္တလေး)
