
မန္တလေးစျေးကွက်တွင် ဒီဇင်ဘာလပထမပတ်အတွင်း နနွင်းတက်များ အရောင်းသွက် လျက် ရှိကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း စားဖိုစောင်သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင်နနွင်းတက်စိုက်ပျိုးမှု ၂၈၉၉ ဧက၊ ရိတ်သိမ်းမှု ၂၈၆၇ ဧက၊ အထွက်နှုန်း ၁၇၀၃.၆၉ တင်း၊ ထွက်ရှိ မှု ၄၈၈၄၄၇၁ တင်းဖြစ်ကြောင်း သိရှိရပါသည်။မန္တလေးစျေးကွက်အတွင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ နနွင်းတက် တစ် ပိဿာလျှင် လက္ကားစျေး ၉၀၀ဝိ/- နှင့် ၁၀၀၀ဝိ/- ၊ လက်လီစျေး ၁၁၀၀ဝိ/- နှင့် ၁၃၀၀ဝိ/-ဖြစ်ပြီး၊ လက်လီစျေး နနွင်းမုန့် ၁၆၀၀ဝိ/-နှင့် ၁၈၀၀ဝိ/-စျေးတို့ ဖြင့်ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ နနွင်းတက်စျေးနှုန်းမှာ ယခင်လပေါက်စျေးနှင့်နှိုင်း ယှဉ်ပါက မန္တလေးစျေးချိုကိုင်းတန်း စျေးကွက် တွင် စျေးငြိမ်လျက်ရှိ ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
