Main menu

ဒီဇင်ဘာလပထမပတ်ရှိမေမြို့ပန်းစျေးကွက်

Powered by Drupal

   မန္တလေးပန်းစျေးကွက်သို့ ဒီဇင်ဘာလပထမပတ်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှ ထွက်သည့် ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့် မေမြို့ပန်း များဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးကျဆင်းသွားကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာ လပထမပတ်အတွင်း ဖြစ်ပေါ် သည့် စျေးနှုန်းများမှာ မေမြို့ပန်း လက္ကားစျေး (အစီးကြီး) ၁စီးလျှင် ၁၀၀၀၀ ကျပ်နှင့် ၁၂၀၀၀ ကျပ်၊ (အစီးသေး) ၁ စီးလျှင် ၂၀၀၀ကျပ်နှင့်၂၅၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျှက်ရှိ ကြောင်းသိရှိရပါသည်။ မန္တလေးပန်းမျိုးစုံစျေးကွက်အတွင်း နတ်တော်လဆန်း ကာလ ဘုရားပွဲနှင့် အလှူပွဲတော်များ ကျင်းပသည့်အချိန်ဖြစ်၍ မေမြို့ပန်းမှာ စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရှိ ရပါသည်။

DOCA(မန္တလေး)