
ဒီဇင်ဘာလ ပထမပတ်တွင် မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ဘိုစားပဲသီး၊ရွှေပဲသီး၊ အာလူးသီး၊ပန်းမုံလာ၊ ငရုတ်သီးစိမ်းစသည့် ဟင်းသီးဟင်းရွက် အသီးအနှံများကို အောင်ပန်း၊ ပြင်ဦးလွင်၊ မန္တလေးမြို့တို့မှ ဝယ်ယူရောင်း ချကြောင်း သိရှိရသည်။ ဒီဇင်ဘာလ ပထမပတ် တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ခရမ်းသီး (၂၅)ကျပ်သား (၈၀၀)ကျပ်၊ တစ်ပိဿာလျှင် (၂၅၀၀/ ၃၀၀၀)ကျပ်၊ ဘိုစားပဲသီး(၂၅) ကျပ်သား(၁၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ရွှေပဲသီး (၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ အာလူးသီး(၂၅)ကျပ်သား (၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်နှင့်ငရုတ်သီးစိမ်း (၂၅)ကျပ်သား(၂၀၀၀)ကျပ်၊ တစ် ပိဿာ လျှင် (၇၀၀၀)ကျပ်၊ ပန်းမုံလာတစ် ပွင့်လျှင်(၁၅၀၀/၂၀၀၀)ကျပ် ဈေးများဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ထမင်းဆိုင်၊ စားသောက်ဆိုင်များ ပေါများလှသောမြို့ဖြစ်သောကြောင့် အရောင်းအဝယ်သွက်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
