
ကုလားပဲသည် ကျန်းမာရေးနှင့် ညီညွတ်သည့် သီးနှံတစ်မျိုးဖြစ်သည့်အပြင် စားသောက် ချက်ပြုတ်ရာတွင် လွယ်ကူအဆင်ပြေသော ပဲတစ်မျိုးဖြစ်သည့်အတွက် စားသောက်သုံးစွဲသူ များပါသည်။ ကုလားပဲကို ကြာဇံဖြင့် ဟင်းချိုချက်စားခြင်းဖြင့် လည်းကောင်း၊ သီးစုံပဲကုလားချဉ် ဟင်းချက်ပြုတ်စားခြင်းဖြင့် လည်းကောင်း၊ ကုလားပဲနှပ်ချက်စားခြင်းဖြင့် လည်းကောင်း၊ အလှူမင်္ဂလာပွဲများတွင်လည်း အသုံးပြုများသော ကုလားပဲနှပ် ချက်၍ လည်းကောင်း၊ ကုလားပဲ ကြော် ကြော်၍ လည်းကောင်း စားသောက်အသုံးပြုမှုများခြင်းကြောင့် မြို့ပေါ်ရှိ ဈေးဆိုင်အများစုမှာ ကုလားပဲခြမ်း ရောင်းချသည့်ဆိုင်များကြောင်း သိရသည်။ မြင်းခြံမြို့ ကုလားပဲခြမ်းလက်လီ ဈေးနှုန်းမှာ နို့ဆီဘူးတစ်ဘူးလျှင်(၁၁၀၀)ကျပ်နှင့် တစ်ပြည်(၈ဘူး) (၈၀၀၀)ကျပ် ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)
