
မြိတ်မြို့တွင် အိမ်တွင်းမှုလုပ်ငန်းအဖြစ်တံမြက်စည်းလုပ်ငန်းကို တစ်နိုင်တစ်ပိုင်ပြုလုပ်ရောင်းချကြသလို စီးပွားဖြစ်လုပ်ငန်းလုပ်ကိုင်ကြသူများလည်းရှိပေသည်။ တံမြက်စည်းကို အမျိုးမျိုးပြု လုပ်ကြပြီး ဒေသတွင်းရောင်းချကြသလို အခြားနေရာမှ တင်သွင်း၍ ပြန်လည်ရောင်းချသူများလည်း ရှိပေသည်။ ပြည်တွင်းထုတ်တံမြက်စည်းသည် အုန်းခက်နှင့် တံမြက်စည်းပင်များကိုအသုံးပြု၍ အခြားဒေသနှင့် ပြည်ပသို့ပါတင်ပို့ရောင်းချကြပြီး အခြားဒေသများမှ ဝယ်ယူရောင်းချရာတွင် အမွေး မကျွတ်တံမြက်စည်းနှင့် ပလပ်စတစ်တံမြက်စည်းများကိုအများဆုံးဝယ်ယူရောင်းချကြသည်။ ဒေသ တွင် တံမြက်စည်းထုတ်လုပ်၍ ရောင်းချနေသောစျေးနှုန်းအရ တစ်ချောင်းလျှင် ၃၅၀၀ကျပ်မှ ၅၀၀၀ ကျပ်ခန့်အထိရှိပြီး အမွေးမကျွတ် တံမြက်စည်းနှင့် ပလပ်စ တစ်တံမြက်စည်းများမှာမူ တစ်ချောင်း လျှင် ၇၀၀၀ကျပ်ခန့်မှ ၁၀၀၀၀ကျပ်ခန့်အထိ စျေးရှိကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)
