
၈.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် မုဒုံမြို့နယ်တာဝန်ခံတို့သည် မုဒုံမြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံ (၂) ရုံအား ကွင်းဆင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်ရှိ၊ စိန်မေတ္တာဆန်ဆိုင်၏ ဆန်စပါးသိုလှောင်ရုံနှင့် ဦးကျော်သက်၏ စပါးသိုလှောင်ရုံတို့သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး My RO တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းထည့်သွင်းနိုင်ရေး နည်းပညာပိုင်း ဆိုင်ရာကူညီခြင်း၊ သိုလှောင်ရုံရှိ ဆန်စပါးလက်ကျန် စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
