Main menu

မြင်းခြံမြို့၏ ဗမာခရမ်းချဉ်သီးဈေးနှုန်းများ မြင့်တက်လာခြင်း

Powered by Drupal

         မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံနှင့် ဟင်းသီးဟင်းရွက်များ ရောင်းဝယ်လျက်ရှိသည့်အနက် ဗမာခရမ်းချဉ်သီးများကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ၌ ဗမာခရမ်းချဉ်သီး ကြီးစတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ အသေးတစ်ပိဿာလျှင် (၄၀၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ဗမာခရမ်းချဉ်သီး အစစုံတစ်ပိဿာလျှင် (၁၀၀၀-၁၅၀၀) ကျပ်ခန့် ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ ထိုသို့ဈေးနှုန်းမြင့် တက်ခဲ့ခြင်းမှာ ‌ဒေသအတွင်း၌ စိုက်ပျိုးထားရှိသော ဗမာခရမ်းချဉ်သီးများ ဈေးကွက်၌ လှိုင်လှိုင်ထွက် ပေါ်ခြင်းမရှိသေးသဖြင့် ဈေးကွက်လိုအပ်ချက်အရ စားသုံးမှုအတွက်လိုအပ်သောခရမ်းချဉ်သီးများကို ပုပ္ပါးမြို့နှင့် ပခုက္ကူမြို့တို့မှတင်သွင်းရောင်းချကြောင်း၊ မြန်မာလူမျိုးများအနေဖြင့် ဟင်းလျာတိုင်း လိုလိုတွင် ခရမ်းချဉ်သီးများထည့်သွင်းအသုံးပြုခြင်း၊ ဆောင်းရာသီစာဗမာခရမ်းချဉ်သီး (ခေါ်) ကိုင်းခရမ်းချဉ်သီးများအား ပန်ထွေဖျော်စားခြင်းစသည်ဖြင့် စားသုံးမှုများပြားသောကြောင့်  ဈေးကွက်တွင် ဝယ်လိုအားများပြားပြီး အရောင်းအဝယ်ကောင်းကြောင်း ကုန်စိမ်းပွဲရုံများမှ သိရှိရပါသည်။

DOCA(မန္တလေး)