
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးအတွင်း၌ မာလကာသီးများကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးနယ်ဘက်မှ မှာယူရောင်းချကြကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် မာလကာသီးဈေးနှုန်းများမှာ အသီး၏ အရည် အသွေးပေါ်မူတည်၍ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၆၅၀၀)၊ အလတ်ဈေး ကျပ်(၅၅၀၀)၊ အနိမ့်ဈေး ကျပ်(၄၅၀၀) ဖြင့်ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့် မြင့်တက်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ရောင်းရသလောက် လုံလောက်စွာ မှာယူ၍မရခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ဈေးနှုန်းမြင့် တက်သော်လည်း ရောင်းအားသွက်လျက်ရှိကြောင်း သစ်သီးရောင်းချသူထံမှ သိရှိရပါသည်။
DOCA(မကွေး)
