
ညောင်တုန်းမြို့နယ်ရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားမုန့်လုပ်ငန်း နွယ်နွယ်လွင် ငှက်ပျောကြော်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်ကို လေ့လာခဲ့ကြသည်။ ၎င်းလုပ်ငန်းသည် ညောင်တုန်းမြို့နယ် အမှတ် ၆ ရပ်ကွက် တွင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။
မုန့်လုပ်ငန်းကို ၁၉၉၀ခုနှစ်မှ စတင်လုပ်ကိုင်ဆောင် ရွက်လာကြောင်း သိရပြီး တစ်လလျှင် ၂၅ရက် ထုတ်လုပ်ကြော်ရကြောင်း ပိုင်ရှင် ဦးထွန်းကိုမှ ရှင်းပြသည်။ ကုန်ကြမ်း ငှက်ပျောသီးကို ညောင်တုန်းမြို့နယ်အတွင်းမှ ရရှိသလို တောင်ငူမြို့မှ လည်း ရရှိကြောင်း ရှင်းပြသည်။ ငှက်ပျောသီးများကို အလုပ်သမားများဖြင့် အခွံခွာ၊ ငှက်ပျော သီးကို ရေပေါ်တိုက်၍ ဆီအိုးဖြင့် ကျော်ရကြောင်း၊ တစ်အိုးလျှင် ၁၅မိနစ်ခန့်ကြော်ရပြီး ဆီစစ်၍ ငှက်ပျော်ကြော်ကို အအေးခံရကြောင်း၊ ကြော်ပြီးသား ငှက်ပျောကြော်များကို ၆ခွဲ၊ ၁ခွဲ ဗူးဖြင့် အချို၊ အမှည့် ဗူးထုတ်ပိုးပါသည်။ တစ်နေ့လျှင် အချို၊အမှည့် ဗူးပေါင်း ၈၀၀-၁၀၀၀ခန့် ထုတ်လုပ်ကြောင်း သိရသည်။ အထုတ်အနေဖြင့် ၈၀၀ထုတ်ခန့်ထွက်ရှိသည် ဟု သိရသည်။ ဘူးကြီး အချို ၁ဗူးလျှင် ၃၀၀၀ကျပ်၊ အမှည့် ၁ဗူးလျှင် ၂၅၀၀ကျပ်၊ အထုတ်အသေး အချို ၁ထုတ် ၁၅၀၀ကျပ်၊ အမှည့် ၁ထုတ်လျှင် ၁၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)
