
စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊ စျေးကွက်အတွင်း အရောင်းသွက်သည့် ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရ၊ ပြင်ဦးလွင်၊ မိုးကုတ်၊တကောင်း၊စဉ့်ကူး၊ မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုးပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလဒုတိယ ပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် စားတော်ပဲ(ကနေဒါ)၃၁၅၀၀၀ကျပ်နှင့် ၃၂၀၀၀၀ကျပ်၊ တစ်ပိဿာလျှင်စားတော်ပဲ(ကနေဒါ)၅၃၁၆ကျပ်နှင့်၅၄၀၁ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူ တစ်ပိဿာ ပေါက်ဈေးမှာ စားတော်ပဲ (ကနေဒါ) ၆၄၁၄ကျပ်နှင့် ၆၇၅၁ကျပ်၊ စားတော်ပဲ (ကျွန်း)၇၉၃၃ကျပ် ဖြစ်ပြီး၊ ယခုနှစ်နှင့် ယခင်နှစ် ကာလတူစျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် စားတော်ပဲ (ကနေဒါ)စျေးမှာ လျော့နည်းသွားကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
