
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ Drum Seeder နွေစပါးမျိုးစေ့၊ ဆိုလာ(၂)တွဲ ရေတင်စက်၊ သွင်းအားစု ဓာတ်မြေဩဇာအိတ်များပေးအပ်ခြင်းနှင့် နွေစပါး Drum Seeder တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းအခမ်းအနားအား ဒီဇင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်၊ မကျီးတန်းရပ်ကွက်ရှိ စံပြလယ်ဧက (၁၀၀) စိုက်ကွင်းအတွင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဌာနဆိုင်ရာ အကြီးအကဲများ၊ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်၊ ဒလမြို့နယ်မှ တောင်သူများတက်ရောက်ခဲ့ကြပြီး တိုင်းစိုက်ပျိုးရေးဌာန တိုင်းဦးစီးမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ လမ်းညွှန်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလမြို့နယ်များမှ တောင်သူများထံသို့ နွေစပါးမျိုးစေ့များ၊ Drum Seeder များ၊ ဆိုလာရေတင် စက်များနှင့် မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် နွေစပါးသရုပ်ပြစိုက်ပျိုးမှုအား ကြည့်ရှု့စစ်ဆေး အားအခမ်းအနားသို့ တက်ရောက်လာသည့် တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
