
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်ရှိ ကျေးရွာများတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ဆလပ်ရွက်နှင့် ပျဉ်းတော်သိမ်းရွက်များကို အိမ်ရှင်မ များက ငပိရည်အတို့မြှုပ်အဖြစ်ဝယ်ယူကြသလို စားသောက်ဆိုင်များမှလည်း စီးပွားဖြစ်အသုံးပြုရန် ဝယ်ယူကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင် ဈေးဟောင်းတွင် ရောင်းချနေသော ဆလပ်ရွက်ဈေးနှုန်းမှာ ဆလပ်ရွက်တစ်စည်းလျှင် (၂၀၀)ကျပ်မှ(၃)စည်း(၅၀၀)ကျပ်၊ ပျဉ်းတော်သိမ်းရွက်ဈေးနှုန်းမှာ အစည်းအကြီးအသေးပေါ်မူတည်၍ တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၃၅၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
