Main menu

မုံရွာမြို့ရှိ ဈေးများတွင် ရောင်းချနေသော ရာသီစာ ပဲစိမ်းစားဥဈေးနှုန်း

Powered by Drupal

       မုံရွာမြို့ရှိ စျေးကွက်သို့  ဆောင်းဦးရာသီတွင် ရာသီစာဖြစ်သည့် ပဲစိမ်းစားဥများကို မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာများမှ စိုက်ပျိုးလျက်ရှိပြီး မုံရွာဈေးကွက်သို့ လာရောက်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

        ယခု ဒီဇင်ဘာလစတုတ္တပတ်တွင် ရာသီစာပဲစိမ်းစားဥများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ရာသီစာ ပဲစိမ်းစားဥစျေးနှုန်းများမှာ   စိမ်းစားဥတစ်ပိဿာတစ်တွဲလျှင် လက္ကားစျေး ၃၀၀၀ ကျပ်လက်လီစျေး ၃၅၀၀ ကျပ် တို့ဖြင့် ရောင်းချလျက်ရှိပြီး အလုံးအရွယ်အစားပေါ်မူတည်၍ စျေးအနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရှိရပါသည်။ စိမ်းစားဥမှာ အမျှင်ဓါတ်ပါဝင်ပြီး၊ ရေဓါတ်ကြွယ်ဝစွာ ပါဝင်သည့်အတွက် ရာသီစာ အဖြစ်စားသုံးမှုများပြားလျက်ရှိပြီး၊ မုံရွာကုန်စိမ်းစျေးကွက်အတွင်း အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)