Main menu

ငပုတောမြို့နယ်၌ ဒေသထွက်မျှင်ငါးပိများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေ

Powered by Drupal

               ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်ခရိုင်  ငပုတောမြို့နယ်၌  မျှင်ငါးပိများ  ဝယ်လိုအားကောင်း ပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ငပုတောမြို့နယ်မှ    ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူများ၏ ပြောကြားချက်များအရ သိရှိရပါသည်။

            ငပုတောမြို့နယ်၌  သြဂုတ်လဒုတိယပတ်မှစ၍ ဒေသထွက်မျှင်ငါးပိများ ဝယ်လိုအား ကောင်းမွန် လာသဖြင့်  အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊   တစ်ရက်လျှင်  မျှင်ငါးပိ ပိဿာ ၄၅၀၀ မှ ၅၀၀၀ အထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

               ဒေသထွက်မျှင်ငါးပိတွေများမှာအရည်အသွေးကောင်းမွန်သည့်အတွက်   ဒေသတွင်း၌  အရောင်း အဝယ်ကောင်းနေသဖြင့် မျှင်ငါးပိရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတွေအနေဖြင့် ဒေသထွက် မျှင်ငါးပိများကို မှာယူတဲ့ဒေသတွေအထိ ပို့ဆောင်ပေးနေရကြောင်း သိရှိရပါသည်။ မျှင်ငါးပိ အရောင်း အဝယ်ကောင်းမွန်နေသည့်အတွက် ရေလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံများ၊ ကုန်သည်များနှင့် အလုပ်သမားများအတွက် များစွာအဆင်ပြေကြောင်း သိရှိရပါသည်။

               ငပုတောမြို့နယ်၌ ငါးပိရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများသည် ဒေသထွက် မျှင်ငါးပိများကို တခြားဒေသများသို့ စနစ်တကျထုပ်ပိုး၍ တင်ပို့ရောင်းချကြောင်း၊ အဆိုပါ မျှင်ငါးပိ များ အရောင်းအဝယ်ကောင်းလာသည့်အတွက် ရေလုပ်ငန်းလုပ်ကိုင်သူများ၊ ကုန်သည်များ၊ ပွဲရုံလုပ်ငန်း လုပ်ကိုင်သူများနှင့် လုပ်သားများ အဆင်ပြေလာကြောင်း သိရသည်။

(DOCA) ဧရာဝတီ