Main menu

ဆောင်းရာသီစာမုန်ညင်းစိမ်းစျေးကွက်

Powered by Drupal

         စျေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်မုန်ညင်းစိမ်းဟင်းရွက်များ ဝင်ရောက်မှုများပြီး၊ ဆောင်းရာသီစာ မုန်ညင်းစိမ်းမှာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မုန်ညင်းစိမ်းဟင်းရွက်မှာ ရာသီမရွေးထွက်ရှိသော်လည်း ဆောင်းရာသီစာအဖြစ် စားသုံးလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်း ၂၀၂၅ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း မုန်ညင်းစိမ်းဟင်းရွက် ၁၀စီးလျှင်လက္ကားစျေး  ၇၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ လက်လီစျေး ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်တို့ဖြင့် ရောင်းချ လျက်ရှိကြောင်း ရတနာပုံစျေးရှိ စျေးသည်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)