
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ခရမ်းချဉ်သီးတစ်ပိဿာ ၁၀၀၀ ကျပ် ရောင်းချရခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုးတောင်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း နှင့် ကိုင်းခရမ်းချဉ်သီးကို ဧက ဝက်စိုက်ပျိုးထားကြောင်း မင်းဘောအုပ်စု၊ ရွှေတောင်မှော် ကျေးရွာ ခရမ်းချဉ်စိုက်တောင်သူထံမှ သိရသည်။
ခရမ်းချဉ်စိုက်ပျိုးရာတွင် စပ်မျိုးခရမ်းချဉ်များဖြစ်သည့် တိုင်ထောင်ခရမ်းချဉ်၊ ငုတ်တုတ် ခရမ်းချဉ်နှင့် နွယ်ခရမ်းချဉ်မျိုးများအား ရွေးချယ်စိုက်ပျိုးကြကြောင်း၊ စတင်ပျိုးထောင်ချိန် ခရမ်းချဉ် စေ့တစ်စေ့ ပျိုးအိတ် တစ်အိတ်နှုန်းဖြင့်ထည့်ကာ ပျိုးထောင်ကြပြီး ရက်ပေါင်း (၂၀)ခန့်ရှိလျှင် ခရမ်းချဉ်စိုက်မည့် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးကြောင်းသိရသည်။ ဧကဝက် တွင် မျိုးစေ့ထုတ် ၆ ထုပ်ခန့် စိုက်ပျိုးရကြောင်း ခရမ်းချဉ်စိုက်ပျိုးပြီး တစ်လခန့်ကြာလျှင် ခွ(ဂွ)ပွင့်လိုက်လာပြီး စတင်အပွင့်ပွင့် အသီးသီးကြောင်း၊ နောက်ထပ်အပွင့်များ ပွင့်လာပြီး ခရမ်းချဉ်သီးများရင့်မှည့်ကာ ၃လခန့်အကြာတွင် စတင်ခူးဆွတ်ရောင်းချကြ ကြောင်းလည်းသိရသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧက ဝက် လျှင် စုစုပေါင်း ငွေကျပ် ၈ သိန်းခန့် ကုန်ကျကြောင်း၊ ၁ဧက စိုက်မည်ဆိုပါက ၁၅သိန်း ကျော်ကုန်ကျနိုင်ကြောင်း ရှင်းပြသည်။ ထွက်ရှိမှု အနေဖြင့် ခရမ်းချဉ်သီး ပိဿာချိန် စိုက်ဧက ဝက်တွင် ပိဿာ ၃၀၀၀ခန့်ထွက်ရှိကြောင်း အကျိုးအမြတ် ၇သိန်းချန် ကျန်ရှိကြောင်း စိုက်ပျိုးသူထံမှ သိရသည်။
ခရမ်းချဉ်သီးခူးဆွတ်ရောင်းချရာတွင် နှစ်ရက်တစ်ခါခူးဆွတ်ရကြောင်း၊ ထွက်ရှိလာသည့် ခရမ်းချဉ်သီး များအား မအူပင်မြို့ ဈေးကွက်သို့လည်းကောင်း၊ ယခုအခါ ခရမ်းချဉ်သီးတစ်ပိဿာ လက်လီ ၁၀၀၀ ကျပ်၊ လက်ကားဈေး အနေဖြင့် ၁ပိဿာလျှင် ၅၀၀ကျပ်ဖြင့် ရောင်းချရခြင်းကြောင့် မြေအောက်ရေနှစ် မြစ်ရေကို အသုံးပြု၍ ခရမ်းချဉ်စိုက်တောင်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း ခရမ်းချဉ်စိုက်တောင်သူပြောကြား၍ သိရသည်။
DOCA(ဧရာဝတီ)
