Main menu

ညောင်ဦးမြို့နယ်ရှိ ဆန်လက်လီ/လက်ကား အရောင်းဆိုင်များသို့ ကွင်းဆင်းခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊‌ ညောင်ဦးခရိုင်တာဝန်ခံဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)သည် မြို့နယ်စည်ပင်သာယာရေးပူးပေါင်းအဖွဲ့နှင့် ပူးပေါင်း၍ (၂၂.၁၂.၂၀၂၅)ရက်နေ့တွင် ညောင်းဦးမြို့နယ်ရှိ ဆန်လက်လီလက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ဆန်အရောင်းဆိုင်များ၌ သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ ဆန်ဆိုင်ပိုင်ရှင်များအား ဈေးကွက်အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံ မှတ်ပုံတင်သက်တမ်းပြည့်ပါက MyRO တွင်ဆက်လက်မှတ်ပုံတင် သက်တမ်းတိုးသွားရန် စသည်တို့ကိုဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)