Main menu

“ကိုက်လန်စိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

            မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်သည် အေးမြသောရာသီဥတုရှိပြီး တောင်ပေါ်မြို့ တစ်မြို့ဖြစ်သောကြောင့် ခရီးသွားများဖြင့် အမြဲမပျက် စည်ကားလျက်ရှိပြီး ဒေသထွက်ကုန်များ၊ ရာသီပေါ်သီးနှံများကို ခရီးသွားများမှ အပြန်လက်ဆောင်အဖြစ်ဝယ်ယူပြီး ဒေသထွက်ရောင်းချသူများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြင်ဦးလွင်မှ ထွက်ရှိသော ကိုက်လန်ရွက်များလည်း ဝယ်ယူသူများ ကြိုက်နှစ်သက်လျက်ရှိပါသည်။ ကိုက်လန်ပင်သည် အအေးကြိုက်သီးနှံတစ်မျိုး ဖြစ်ပြီး အမြင့်တစ်ပေမှ တစ်ပေခွဲအထိရှိပါသည်။ အပင်သက်တမ်းအနေဖြင့် (၂)နှစ်အထိ ခံပေမဲ့ နှစ်ချင်းစားသုံးနိုင်ပါသည်။ ကိုက်လန်ပင်ရဲ့ အနံ့အရောင်သည် ရာသီဥတုအေးမြလေကောင်းလေ ဖြစ်ပါသည်။ ကိုက်လန်ပင်ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး ဆောင်းရာသီနှောင်း၊ မိုးရာသီနှောင်း ပိုင်းတွေမှာ စိုက်ပျိုးပါသည်။ ပြင်ဦးလွင်ဒေသမှ စိုက်ပျိုးသော ကိုက်လန်မိုးမျိုးသည် အရွက်ရှည်ပြီး ဆောင်းမျိုးမှာ အရွက်ဝိုင်းပါသည်။ ကိုက်လန်စတင် စိုက်ပျိုးရန် ပျိုးခင်းကို စတင်ပြင်ဆင်ရပါသည်။ ပျိုးခင်းကို (၁-၂) ခြားပြီး စိုက်ပျိုးနိုင်ပါသည်။ ပျိုးပင်းပေါက် တစ်ပင်နှင့်တစ်ပင် (၆)လက်မခြားပြီး စိုက်တန်း(၁)ခုနှင့် (၁)ခုခြား (၂-၃)ပေခွာ၍ စိုက်ပျိုးပါသည်။ အရွက်နုများကို စတင်စိုက်ပျိုးပြီး (၁)လကြာလျှင် စတင်ခူးဆွတ်နိုင်ပါသည်။ ရာသီဥတုအေးပြီး အချိုဓာတ်ပိုများပါသည်။ ကိုက်လန် တစ်ပင်စိုက်ထားလျှင် (၄-၅)ခါလောက် အရွက်ခူးယူစားသုံးနိုင်ပါသည်။ ဒါကြောင့်ကိုက်လန်ပင်သည် ရာသီပေါ်သီးနှံဆိုပေမဲ့ စိုက်ပျိုးသော တောင်သူများတွက်ခြေကိုက် သီးနှံတစ်မျိုးဖြစ်ကြောင်း၊ ကိုက်လန်စိုက်ပျိုးပြီး (၂)လခွဲခန့်တွင် ရောင်းတန်းဝင် အရွက်များရရှိလာပါသည်။ အာဟာရဓာတ် မျိုးစုံပါဝင်ပြီး ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ကြောင်း ကိုက်လန်ကို အရွက်စားကော အဖူးစားပါ စားသုံးနိုင်ကြောင်း၊ ဈေးနှုန်းအနေဖြင့် လက်တစ်ဆုပ်စည်း တစ်စည်းလျှင် (၇၀၀/-) ကျပ်မှ (၁၀၀၀/-)ကျပ် အထိ ရောင်းချကြပြီး ကိုက်လန်စိုက်ပျိုးသော တောင်သူများသည် ထွက်ပေါ်ချိန်တွင် ပြင်ဦးလွင်ရှိဈေးများနှင့် စားသောက်ဆိုင်များ၊ မန္တလေးမြို့များနှင့် ကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)