
ရွှေဘိုခရိုင်အတွင်းတွင် ဇန်နဝါရီလ ပထမပတ်တွင် စပါး/ဆန်ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ (၆၉၀၈၃)အိတ်၊ မန္တလေးသို့ (၄၆၅၂၀) အိတ်၊ နေပြည်တော်သို့ (၂၀၆၅)အိတ်၊ပဲခူးတိုင်းသို့ (၇၂၇၀)အိတ်၊ မကွေးတိုင်းသို့ (၂၆၆၈)အိတ်၊ ရှမ်း(တောင်)သို့ (၁၇၈၁၀)အိတ်၊ မွန်ပြည်နယ်သို့ (၇၆၄၅)အိတ်၊ ကရင်ပြည်နယ်သို့ (၂၉၈၅)အိတ် ၊မူဆယ်သို့ (၅၄၀)အိတ်၊တနင်္သာရီတိုင်း မြိတ်သို့ (၁၁၀၀)အိတ်၊ စုစုပေါင်း အိတ်ရေ ၁၅၇၆၈၆ တန်အားဖြင့် ၇၈၈၄တန် စီးထွက်ခဲ့ပါသည်။
ယခု ၂၀၂၆ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် ရန်ကုန်သို့ (၉၈၁၇၆)အိတ်၊ မန္တလေးသို့ (၆၀၀၂၈) အိတ်၊ နေပြည်တော်သို့ (၂၅၆၇)အိတ်၊ပဲခူးတိုင်းသို့ (၇၀၂၆)အိတ်၊ မကွေးတိုင်းသို့ (၁၉၉၂)အိတ်၊ ရှမ်း(တောင်)သို့ (၂၄၄၆၄)အိတ်၊ မွန်ပြည်နယ်သို့ (၁၇၆၁၀)အိတ်၊ ကရင်ပြည်နယ်သို့ (၃၇၅၅)အိတ် ၊မူဆယ်သို့ (၉၀၀)အိတ်၊ ကချင်ပြည်နယ်သို့ (၁၀၀)အိတ်၊စုစုပေါင်း အိတ်ရေ ၂၁၆၆၁၈ တန်အားဖြင့် ၁၀၈၃၁တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခု အပတ်အတွင်း အိတ်ရေ ၅၈၉၃၂၊ တန်အားဖြင့် ၂၉၄၇တန် ပို၍ စီးထွက် ခဲ့ပါသည်။
ရွှေဘိုမြို့၏ ဇန်နဝါရီလ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်း စပါး တင်း၁၀၀လျင် ကျပ် ၅၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၉၀၀၀၀မှ ကျပ် ၂၀၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း(သစ်) စပါး တင်း၁၀၀လျှင် ကျပ် ၃၉၀၀၀၀၀၊ရွှေဘိုပေါ်ဆန်းဆန်(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ ဧရာမင်းစပါး တင်း 100လျှင် ကျပ် 2၈00000၊ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂5၀၀၀မှ ကျပ် ၁၃၅၀၀၀၊ ဧရာမင်း စပါး(သစ်)တင်း ၁၀၀လျှင် ကျပ်၂၀၀၀၀၀၀၊ ဧရာမင်းဆန် (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
