Main menu

ဈေးကွက်ရောက်ကုန်စည် အသင့်သောက်အချိုရေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ၅.၁.၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် မအူပင်မြို့၊ ၁၂ရပ်ကွက်ရှိ အချိုရည်လက်ကား ဆိုင်(၅)ဆိုင်တွင် ရောင်းချလျက်ရှိသော အသင့်သောက်များတွင် အချိုရည်ဗူးများ တွင်   ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာရေးသားဖော်ပြထားခြင်းရှိ/ မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိမှ လက်ကားဆိုင်ကြီးများတွင် ရောင်းချနေသော အသင့်သောက်များတွင်အချိုရည်ဗူးများဖြစ်သော  Asia သီးစုံအချိုရည်အမျိုးမျိုး၊ Caraboa အားဖြည့်အချိုရည်၊ V Coode အချိုရည်၊ SPEED အားဖြည့်အချိုရည်၊ Royal D သီးစုံဓါတ်ဆား အားဖြည့်အချိုရည်၊ Max + အချိုရည်၊ PEPSI  ကိုလာအချိုရည်၊ Sunkist အချိုရည်၊ SHARK အားဖြည့်အချိုရည် Sprite အချိုရည်စသည့်အမှတ်တံဆိပ်များတွင်  ကုန်အညွှန်အမှတ်အသားစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ရာ၊ ကုန်စည်၏ တံဆိပ်အမှတ်အသား၊ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက် စသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသုံးသူပြည်သူများ ဘေးအန္တာရာယ် ကင်းဝေးစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးရခြင်းဖြစ်ကြောင်း ဆိုင်ရှင်များကို အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)