
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်သော ကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဈေးကွက်ဝယ်လိုအားရှိသော ငရုတ်သီးနှံကိုလည်း စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြပါသည် ။ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ခရိုင် အတွင်း ငရုတ်ဆောင်းစိုက်ဧက(၃၂၉၅)ဧက စိုက်ပျိုးထားရှိပြီး စဉ့်ကိုင်မြို့နယ်တွင် (၈၉၂)ဧက စိုက်ပျိုးထားရှိပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည် ။ အများဆုံး စိုက်ပျိုးသောမျိုးများမှာ သာမို၊ ဒီမွန်နှင့်(၆၉၂) မျိုးများဖြစ်ပြီး အထွက်နှုန်းကောင်းသော (၆၉၂)မျိုးကို ပိုမိုစိုက်ပျိုးကြကြောင်း၊ငရုတ်ဆောင်းကိုနိုဝင်ဘာလနှင့်ဒီဇင်ဘာလများတွင်စတင်စိုက်ပျိုးခဲ့ကြောင်း ၊ ငရုတ်ဆောင်း (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအာစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၅)သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်တွင် (၁)ဧက အထွက်နှုန်းအနေဖြင့် ငရုတ်အခြောက် ပိဿာ(၄၀၀-၄၅၀)ခန့်ထွက်ရှိကြောင်း၊ ငရုတ်သီးအညှာပါ အခြောက်(၁)ပိဿာလျှင်( ၁၁၀၀၀)ကျပ်၊ ငရုတ်သီးအညှာခြွေ(၁)ပိဿာလျှင် (၁၃၀၀၀) ကျပ်တို့ဖြင့် ရောင်းဝယ်ခဲ့ပြီး အကျိုးအမြတ်အနေဖြင့် (၂၉)သိန်းကျပ်ခန့် မြတ်ခဲ့ကြောင်း၊ ယခု အချိန်တွင် ငရုတ်ပင်များ အသီးအပွင့်ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ယခုအချိန်တွင်ဆောင်းငရုတ်များထွက်ပေါ်ခြင်းမရှိသေးသော်လည်း စျေးနှုန်း အနေဖြင့် ငရုတ်သီး အညှာပါအခြောက် (၁)ပိဿာလျှင် (၁၅၀၀၀)ကျပ် ၊ ငရုတ်သီး အညှာခြွေ(၁)ပိဿာလျှင်(၁၈၀၀၀)ကျပ်တို့ဖြင့်ရောင်းဝယ်လျက်ရှိပြီး ဈေးကွက်အနေဖြင့် ငရုတ်သီး များထွက်ပေါ်ချိန်တွင် ငရုတ်စိုက် တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက်ရောင်းချကြကြောင်း ၊ ၄င်းမှတဆင့် မန္တလေး၊ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ပွဲရုံများမှသိရှိရပါသည် ။
DOCA(မန္တလေး)
