
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ရာသီပေါ်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ဘူးသီး၊ ကျောက်ဖရုံသီး၊ ငရုတ်သီး၊ ပဲသီး၊ ရုံးပတီသီး၊ သခွားသီးများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။ စိုက်ပျိုးထွက်ရှိသော ရာသီပေါ်သီးနှံဖြစ်သည့် ခရမ်းသီး၊ ဘူးသီးနှင့် ကျောက်ဖရုံသီးများကို သာစည်ဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် သာစည်ဈေးတွင် ရောင်းချနေသော ခရမ်းသီးဈေးနှုန်းများမှာ ခရမ်းသီးလက္ကား တစ်ပိဿာလျှင်(၂၈၀၀)ကျပ်၊ လက်လီတစ်ပိဿာ လျှင် (၃၃၀၀) ကျပ်၊ ဘူးသီးဈေးနှုန်းမှာ ဘူးသီးအသေး(၁)လုံးလျှင် (၇၀၀)ကျပ်၊ အလတ် (၁)လုံးလျှင်(၁၆၀၀)ကျပ်နှင့် အကြီး(၁)လုံးလျှင် (၂၇၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကျောက်ဖရုံသီးဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် (၄၅၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၂၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
