
မန္တလေးတိုင်ဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင် သော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံများသည် ရာသီအလိုက် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ဂျုံနှင့် စားဖိုဆောင် သီးနှံများကို အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပါသည်။ ယခင်နှစ် ပဲစဉ်းငုံသီးနှံ စိုက်ပျိုးမှု အနေဖြင့် (၃၀၃၀၀)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး၊ စိုက်ပျိုးမှုအနေဖြင့်(၃၃၃၈၈)ဧကစိုက် ပျိုးနိုင်ခဲ့ပါသည်။ မျိုး အသုံးချမှုအနေဖြင့် တစ်ဧကလျှင်(၂)ပြည်ခန့် ထည့်သွင်းစိုက်ပျိုးကြပါသည်။ တစ်ဧကပျမ်းမျှ အထွက် နှုန်းအနေဖြင့်(၁၁.၀၅)တင်းထွက်ရှိခဲ့ပြီး ရာသီချိန်ပဲစဉ်းငုံတစ်တင်းဈေး အနေဖြင့် (၉၀၀၀၀/၉၂၀၀၀) ကျပ်ရှိခဲ့ပါသည်။ ၂၀၂၅-၂၀၂၆ခုနှစ်တွင် ပဲစဉ်းငုံသီးနှံကို စိုက်ပျိုးရန် လျာထားမှုအနေဖြင့် (၃၀၃၀၀) ဧကရှိပြီး၊ (၃၃၃၀၀)ဧက စိုက်ပျိုးကြောင်းသိရသည်။ ပဲစဉ်းငုံစိုက်ပျိုးမှု အများဆုံးအနေဖြင့် ဘုရား ထူးကျေးရွာ၊ ရွာသစ်၊ စီထိန်း၊ တမာပင်၊ အောက်ရိုး၊ ရွာသာ၊ နတ်စိမ်း၊ ထနောင်းပင်၊ မြို့သာ၊ သရက္ကန်၊ အောင်ချမ်းသာကျေးရွာနှင့်ကုန်းသာကျေးရွာ စသည့်ကျေးရွာများ ဖြစ်ပါသည်။ ယခုနှစ် ပဲစဉ်းငုံမျိုးဈေး အနေဖြင့် တစ်ပြည်လျှင်(၁၀၀၀၀)ကျပ် ဈေးများရှိခဲ့ပြီး ပဲစဉ်းငုံ တစ်ဧကစိုက်ပျိုးမှုကုန်ကျစရိတ် အနေ ဖြင့် မျိုး၊ မြေယာပြုပြင်မှု၊ သွင်းအားစု၊ လုပ်သားခများ အပါအဝင်(၃၂၀၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျမှု ရှိပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀)ကျပ်ဝန်းကျင်ရှိပြီး နွားစာရှားပါးသည့် ဒေသ များဖြစ်သည့်အတွက် အကျိုးအမြတ်နည်းပါးသော်လည်း တစ်ဖက်မှလည်းနွားစာရရှိသဖြင့် နှစ်စဉ် စိုက်ပျိုးလျက်ရှိပါသည်။ ဒေသထွက် ပဲစဉ်းငုံများကို ရောင်းဝယ်မှုဈေးကွက်အနေဖြင့် မန္တလေးမြို့ နှင့် ကျောက်ဆည်မြို့များသို့ တောင်သူများကိုယ်တိုင် ဈေးဝယ်လိုက်ရင်းဖြင့်သော်လည်းကောင်း၊ ကားတင် ပေး၍ သော်လည်းကောင်း အများဆုံး ရောင်းချကြပါသည်။ ယခုနှစ် ပဲစဉ်းငုံများ စတင်ထွက်ရှိချိန်တွင် တစ်တင်းလျှင် (၈၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)
