Main menu

ထန်းပင်မြစ်စျေးများကျဆင်းလျက်ရှိ

Powered by Drupal

    စျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးအတွင်း တံတားဦးခရိုင်၊ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်နှင့်ညောင်ဦးခရိုင်တို့မှ ထွက်သည့်ထန်းပင်မြစ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ထွက်သည့် ထန်းပင်မြစ်များဝင်ရောက်မှုများပြားလျှက်ရှိပြီး၊စျေးနှုန်းကျဆင်းကာအရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။မန္တလေးစျေးကွက်အတွင်း မုံရွာဒေသမှထွက်ရှိသည့်ရွံ့စေးကပ်သည့်ရုက္ခစိုး ထန်းမြစ် မှာ အသားထူ၍ ဝယ်ယူသူများကြိုက်နှစ်သက်‌ကာ အခြားဒေသများမှ ထွက်ရှိသည့်ထန်းပင်မြစ် ထက်စျေးအနည်းငယ်မြင့်ကြောင်း သိရှိရပါသည်။မန္တလေးစျေးကွက်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသည့် ထန်းပင်မြစ်စျေးနှုန်းများမှာ၁စီး(၃၀ချောင်းပါ)လျှင် ၄၀၀၀ ကျပ် နှင့် ၄၅၀၀ ကျပ်၊ မုံရွာထန်းပင်မြစ်ရွံ့စျေးကပ်(ရုက္ခစိုး)များမှာ ၁စီးလျှင် ၅၅၀၀ကျပ်နှင့် ၆၀၀၀ ကျပ် ဖြစ်တို့ဖြင့် တစ်စီးလျှင် ၅၀၀ ကျပ်ခန့် ကျဆင်းလျက်ရှိကြောင်း ထနောင်းပင်စျေးရှိ စျေးသည် တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)