Main menu

မြင်းခြံမြို့၏ဆောင်းမတ်ပဲစိုက်ပျိုးထားရှိမှုနှင့်တစ်ဧကကုန်ကျစရိတ်

Powered by Drupal

     မြင်းခြံမြို့နယ်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း၌ တည်ရှိပြီး ဆည်ရေသောက်အသင့်အတင့် ရှိ၍ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲနှင့် ကြက်သွန်နီများစိုက်ပျိုးလျက်ရှိရာ မတ်ပဲ(ဆောင်း) သီးနှံ ကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးချိန်မှာ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက် ပျိုးပြီး ရိတ်သိမ်းချိန်မှာ ဇန်နဝါရီလနှင့် ဖေဖာ်ဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ် လေ့ရှိကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်း၊ အများဆုံး စိုက်ပျိုးသော ကျေးရွာများမှာ ဒါးကျွန်းရွာ၊ ဖိုးတုတ်ဖြူရွာ၊ သဲဖြူဝရွာ၊ ပတ္တာကျေးရွာနှင့် ခေါင်းကွဲကျေးရွာတို့တွင် အများဆုံး စိုက်ပျိုးထားကြောင်း၊ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၌ မတ်ပဲ (၂၆၀)ဧကလျာထားချက်တွင် စိုက်ဧက (၅၈၅)ဧကစိုက်ပျိုးထားရှိပြီး လျားထားဧကထက် (၃၂၅)ဧကကျော် ပိုမိုစိုက်ပျိုးထား ကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၆)ပြီခန့်ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၅၆၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ မတ်ပဲသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ယခင်နှစ်အထွက်နှုန်း အနေဖြင့် (၁၀)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်မတ်ပဲဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၈၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုနှစ်စိုက်ပျိုးထားသော မတ်ပဲများသည် မျိုး၊ သွင်းအားစု၊ မြေအနေထား၊ ရာသီဥတုနှင့် အပင်ပြုစုမှုကောင်းမွန်ပါက အထွက်နှုန်းကောင်းနိုင်မည်ဖြစ်ကြောင်း မတ်ပဲစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။       

DOCA(မန္တလေး)