Main menu

ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာရှိ “ဒီလှိုင်း မုန့်တိုက်” လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

           ၂၃.၁၁.၂၀၂၂ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူအကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိစေရေး၊ ဘေးအန္တရာယ်ရှိနိုင်သည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို စောင့်ကြည့်စစ်ဆေးနိုင်ရန်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဥပဒေပြဌာန်းချက်များ၊ ညွှန်ကြားချက်များကို လိုက်နာမှုရှိ/မရှိနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ လိုက်နာရမည့်အချက်များ သိရှိစေနိုင်ရန်အတွက် ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာရှိ “ဒီလှိုင်း မုန့်တိုက်” အားသွားရောက်၍ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

        အဆိုပါ “ဒီလှိုင်း မုန့်တိုက်” ရှိထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ပေါင်မုန့်၊ ကိတ်မုန့်၊ မွေးနေ့ကိတ် အစရှိသောထုတ်ကုန်များသည် စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိပြီး မြို့နယ်အတွင်းသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြောင်း သိရှိရသည်။

DOCA(မွန်)