
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည် လယ်ယာမြေစိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းပြုလုပ်ခြင်း လုပ်ငန်းတို့ ဖြင့် ဖွံ့ဖြိုးတိုးတက်သော မြို့နယ်တစ်ခုဖြစ်သည်။ ညောင်တုန်းမြို့နယ် နေ့စဉ် စပါးဝယ်ယူနေပြီး(၇-၁-၂၀၂၆၊ ၈-၁-၂၀၂၆၊ ၉-၁-၂၀၂၆) ရက်နေ့တွင် မြို့နယ်တွင်းနှင့် တိုင်းဒေသကြီးအတွင်း အခြားမြို့နယ်များမှ စပါးများကို ဝယ်ယူလျက်ရှိကြောင်း သိရသည်။
စပါးများကို ဝယ်ယူသော ကုမ္ပဏီများမှ ရွှေဝါနဒီကုမ္ပဏီမှ ဆင်းသုခ (၁၂၀၄) တင်း၊ (၅၀)ပေါင် စပါးတင်း ၁၀၀ဈေးနှုန်း ၁၄၆၀၀၀၀/-ကျပ် ဖြင့်၊ မအူပင်မြို့နယ် မှ ဝယ်ယူခြင်းဖြစ်ကြောင်း၊ ကရင်မ စပါးကို (၅၀)ပေါင် (၅၀၈) တင်းကို တင်း(၁၀၀)နှုန်းဈေး ၁၄၆၅၀၀၀/-ကျပ်ဖြင့် မအူပင်မြို့နယ် ရွှေတောင်မှော်ကျေးရွာ ဘက်မှ ဝယ်ယူခဲ့ကြောင်း သိရသည်။ GoodBrother ကုမ္ပဏီမှ (၅၀)ပေါင် ကရင်မ စပါး (၃၀၀၀) တင်း၊ တင်း(၁၀၀) ဈေး ၁၄၆၃၀၀၀/- ကျပ်ဖြင့် ကျောင်းကုန်ဘက်မှ စပါးအခြောက်များကို ဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။
၈-၁-၂၀၂၆ ရက်နေ့က GoodBrother ကုမ္ပဏီမှ (၅၀)ပေါင် ဧည့်မထ စပါး (၈၀၀၀) တင်း၊ တင်း(၁၀၀) ဈေး ၁၄၃၅၀၀၀/- ကျပ်၊ အသွယ်စပါး တင်း (၁၉၅၀၀)တင်း ဈေးနှုန်း ၁၄၃၅၀၀၀ကျပ်၊ ကရင်မစပါး (၇၀၀၀)တင်း၊ ဈေးနှုန်း ၁၄၆၀၀၀၀ကျပ်၊ ရက်(၉၀)စပါး ၁၂၄၇ တင်း၊ ဈေးနှုန်း ၁၄၆၀၀၀၀ကျပ် ဖြင့် ကျောင်းကုန်းဘက်မှ စပါးအခြောက်များကို ဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။
၉-၁-၂၀၂၆ ရက်နေ့တွင် ရွှေဝါနဒီကုမ္ပဏီမှ ထွန်းပုစပါး (၄၇၁) တင်း၊ (၅၀)ပေါင် စပါးတင်း ၁၀၀ဈေးနှုန်း ၁၄၀၀၀၀၀/-ကျပ် ဖြင့်၊ မအူပင်မြို့နယ် စံကင်းကျေးရွာ မှ စပါးအစို ဝယ်ယူခြင်းဖြစ်ကြောင်း၊ ဆင်းသုခ စပါးကို (၅၀)ပေါင် (၅၀၃) တင်းကို တင်း(၁၀၀)နှုန်းဈေး ၁၄၅၀၀၀၀/-ကျပ်ဖြင့် မအူပင်မြို့နယ် ရွှေတောင်မှော်ကျေးရွာ ဘက်မှ ဝယ်ယူခဲ့ကြောင်း သိရသည်။ ကရင်မစပါး တင်း(၂၂၈၂)တင်းကို ဈေးနှုန်း ၁၄၅၈၀၀၀ကျပ်ဖြင့် မအူပင်မြို့နယ်မှ ဝယ်ယူခဲ့ကြောင်း၊ GoodBrother ကုမ္ပဏီမှ (၅၀)ပေါင် ထွန်းပုစပါး (၅၂၀) တင်း၊ (၅၀)ပေါင် စပါးတင်း ၁၀၀ဈေးနှုန်း ၁၄၀၀၀၀၀/-ကျပ် ဖြင့်၊ ကျောင်းကုန်းမြို့နယ်မှ စပါးအခြောက်ကိုလည်းကောင်း၊ ဆင်းသုခ စပါးကို (၅၀)ပေါင် (၇၉၆) တင်းကို တင်း(၁၀၀)နှုန်းဈေး ၁၄၄၅၀၀၀/-ကျပ်ဖြင့် မအူပင်မြို့နယ် ဘက်မှ လည်းကောင်း၊ ကရင်မစပါး တင်း(၆၃၂)တင်းကို ဈေးနှုန်း ၁၄၅၅၀၀၀ကျပ်ဖြင့် ပန်းတနော်မြို့နယ်မှ ဝယ်ယူခဲ့ကြောင်းသိရသည်။ ညောင်တုန်းမြို့နယ် ကုမ္ပဏီများမှ နေ့စဉ် စပါးဝယ်ယူမှုရှိပါက မြို့နယ်ဦးစီးမှုးရုံးသို့ ဝယ်ယူမှု တင်းနှင့် ဈေးနှုန်းအခြေအနေများကို နေ့စဉ် ရှိ မရှိ စာရင်းအား ပြုစုပေးပို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)
