
မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတစ်လျောက်တွင် တွင်းမဒေသထွက် အုန်းသီးများနှင့် ပြင်ဦးလွင်၊ အောင်ပန်း၊ မန္တလေး၊ သပြေတော၊ ကျေးရွာများမှ ရှောက်ပန်းသီးများ အဓိကဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ အုန်းပင်ကိုအရွက်အလက်မှစ၍ အုန်းမြစ်အထိ လူသုံးကုန်ပစ္စည်းအမျိုးမျိုးလည်း ပြုလုပ်နိုင်ပါသည်။
မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် ဇန်နဝါရီလ၊ ဒုတိယပတ်တွင် ရောင်းချနေသော အုန်းသီးဈေးနှုန်းများမှာ အုန်းစိမ်းရေသောက် အုန်းသီး အနု/အရင့်၊ အကြီး/ အသေးပေါ်မူတည်၍ အုန်းသီးတစ်လုံးလျှင် (၂၀၀၀)ကျပ်မှ (၄၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ရှောက်ပန်းသီး တစ်လုံးလျှင် (၁၇၀၀)ကျပ်မှ (၂၅၀၀)ကျပ်ဖြင့်လည်းကောင်း မုံရွာမြို့၊ ကျောက္ကာလမ်းဘေး တစ်လျောက်တွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
