Main menu

ကျားခြေရာသီး(ခေါ်)ခရမ်းချဉ် အချဉ်သီးနှင့် ရွှေဘိုဒေသထွက် ခရမ်းချဉ်သီးဈေးနှုန်း

Powered by Drupal

                 ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ခရမ်းချဉ်သီးများကို ရောင်းချလျက်ရှိရာ ဒေသမှထွက်ရှိသည့် ခရမ်းချဉ်သီး အချဉ်သီး(ခေါ်) ဒေသသီးများမှာ ဆောင်းရာသီတွင် လှိုင်လှိုင်ထွက်ရှိ ကြောင်း၊ အချဉ်သီးများမှာ ကျားခြေရာသီးနှင့် ဒေသသီးဟူ၍ (၂)မျိုးရှိကြောင်း၊ ခရမ်းချဉ်သီးများမှာ လှိုင်လှိုင်ထွက်ရှိသော်လည်း ဈေးကောင်းပေး၍ ဝယ်ယူရကြောင်း သိရသည်။

           ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ကျားခြေရာသီး ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၇၀၀ဝိ/-)ကျပ်၊ ဒေသသီးဈေးနှုန်းမှာ (၁)ပိဿာလျှင် (၆၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)