Main menu

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများအခြေအနေ

Powered by Drupal

                  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  ဇန်နဝါရီလဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင်  ရွှေဘိုပေါ်ဆန်း (စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ၅၂၀၀၀၀၀ ကျပ် ၊ ပေါ်ဆန်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၉၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀ လျှင် ၃၉၀၀၀၀၀ ကျပ် ၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဧရာမင်း ဆန် (ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင်  ၁၃၀၀၀၀ ကျပ်၊ ဧရာမင်း စပါး  (သစ်)  တင်း ၁၀၀ လျှင် ၂၀၀၀၀၀၀ ကျပ်၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင်  ၁၀၀၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

         ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ဧည့်မထ(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ၁၈၀၀၀၀၀ ကျပ် ၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျင် ၇၃၀၀၀ ကျပ်၊ ဧည့်မထ(စပါး)(သစ်) တင်း ၁၀၀ လျှင် ၁၃၀၀၀၀၀ ကျပ် ၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျင် ၆၂၀၀၀ ကျပ်၊ ဧရာမင်း(စပါး) (ဟောင်း) တင်း ၁၀၀ လျှင် ၂၅၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျင် ၉၅၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။

   ကသာခရိုင်တွင် ဆင်းဧကရီ(၃)(စပါး)(ဟောင်း)  တင်း ၁၀၀ လျှင် ၁၃၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်၊ ဆင်းဧကရီ(၃)(စပါး)(သစ်)  တင်း ၁၀၀ လျှင် ၁၁၀၀၀၀၀ ကျပ်၊ ဆင်းဧကရီ-၃ ဆန်(သစ်)  ၂၄ ပြည်တစ်အိတ်မှာ ၅၀၀၀၀ ကျပ်၊ ဧရာမင်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀    ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။ 

            စစ်ကိုင်းခရိုင်တွင်   ရွှေဘိုပေါ်ဆန်း (စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ၅၃၀၀၀၀၀ ကျပ် ၊ ပေါ်ဆန်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၂၀၀၀၀၀ ကျပ်၊ ဧရာမင်း စပါး တင်း ၁၀၀ လျှင် ၃၁၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ မနောသုခ စပါးတင်း ၁၀၀ လျှင် ၁၈၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

            မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်းစပါး (ဟောင်း) တင်း ၁၀၀ လျှင် ၃၀၀၀,၀၀၀ ကျပ်၊  ဆန် ၂၄ ပြည်တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဧရာမင်းစပါး (သစ်) တင်း ၁၀၀ လျှင် ၂၂၀၀,၀၀၀၊  ဧရာမင်း (သစ်) ၂၄ ပြည် တစ်အိတ်မှာ (၁၁၀၀၀၀)ကျပ်၊ ရွှေဘိုပေါ်ဆန်း စပါး(ဟောင်း) တင်း ၁၀၀ လျှင် ၅၃၀၀၀၀၀ ကျပ် ၊ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၁၉၅၀၀၀ ကျပ် ၊ ရွှေဘိုပေါ်ဆန်း စပါး(သစ်) တင်း ၁၀၀ လျှင် ၃၉၀၀၀၀၀ ကျပ် ၊ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်၊ မနောသုခ စပါး(ဟောင်း)တင်း ၁၀၀ လျှင် ၁၈၀၀,၀၀၀ ကျပ် ၊  ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၈၀၀၀၀ ကျပ် ၊

          မနောသုခ စပါး(သစ်)တင်း ၁၀၀ လျှင် ၁၅၀၀,၀၀၀ ကျပ် ၊  ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၆၅၀၀၀ ကျပ် ၊ ရွှေဝါထွန်းစပါး တင်း ၁၀၀ လျှင် ၁၄၀၀၀၀၀ ကျပ် ၊ ဆန် ၂၄ပြည် တစ်အိတ်လျှင် ၇၀၀၀၀ ကျပ် ၊ ရွှေသွယ်ရင်  (စပါး) တင်း ၁၀၀ လျှင် ၁၂၀၀,၀၀၀ ကျပ် ၊  ဆန် ၂၄ပြည် တစ်အိတ်မှာ ၆၀၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)