
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ဒေသထွက်ကုန်အဖြစ် ကွမ်းသီး၊ ရာဘာ၊ သီဟိုဠ်၊ ဆီအုန်းစိုက်ပျိုးပြီး ပြည်တွင်းနှင့်ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိရာ ဒေသတွင်စိုက်ပျိုးသော ကွမ်းသီး ကို အခြားတိုင်းနှင့် ပြည်နယ်များသို့တင်ပို့ရောင်းချလျက်ရှိပါသည်။ ဒေသထွက်ကွမ်းသီးသည် ပြည် တွင်းစျေးကွက်တွင် ရောင်းအားကောင်းလျက်ရှိပြီး နေ့စဉ်နှင့်အမျှ တင်ပို့ရောင်းချလျက်ရှိသည်။ ကွမ်းသီးတင်ပို့ရာတွင် အလုံး၊ ခွဲခြမ်း၊ အနုများဖြင့် တင်ပို့ရောင်းချပြီး အမျိုးအစားအလိုက်စျေးနှုန်း ကွဲ ပြားလျက်ရှိပါသည်။ ဒေသတွင် ကွမ်းသီးရောင်းဝယ်မှုကိုကြည့်လျှင် တစ်ရက်လျှင် ပျမ်းမျှ ပိဿာ ၄၀၀၀၀ ခန့်တင်ပို့ရောင်းချလျက်ရှိပြီး လမ်းခရီးအခြေအနေနှင့် ကွမ်းသီးထွက်ရှိချိန်ပေါ်မူတည်၍ တင်ပို့မှု ကွာခြားကြကြောင်းသိရှိရပါသည်။ ဒေသထွက်ကွမ်းသီးကို မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်း တို့ကို ကားလမ်းဖြင့်အများဆုံးတင်ပို့ကြပြီး ရေလမ်းဖြင့်ပါ တင်ပို့ကြကြောင်း သိရှိရပါသည်။ ယခင် ၂၀၂၅၊ နိုဝင်ဘာလတွင် ကွမ်းသီးစျေးနှုန်းကောင်းမွန်လာသော်လည်း ယခု၂၀၂၆ခုနှစ်တွင် ကွမ်းသီး အသစ် ထွက်ရှိချိန်ဖြစ်သည့်အတွက် စျေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။
ယခင်ကကွမ်းသီးအလုံးစျေးနှုန်းမှာ ၂၃၀၀၀ကျပ်ခန့်၊ ခွဲခြမ်းစျေးနှုန်းမှာ ၁၈၀၀၀ခန့်ရှိရာမှ ယခုဇန်နဝါရီလတွင် မြိတ်ဒေသတွင်ဖြစ်ပေါ်နေသောစျေးနှုန်းအရ ကွမ်းသီးအလုံးစျေးနှုန်းမှာ ၁၅၀၀၀ ကျပ်နှင့် ခွဲခြမ်းစျေးနှုန်းမှာ ၁၃၀၀၀ကျပ်ခန့်အထိစျေးကျဆင်းသွားကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
