
(၁၃.၁.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် လှည်းကူးမြို့နယ် ရာအိမ်မှူးရုံးခန်းတွင် စားသုံးသူပြည်သူများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရပါသည်။
ထိုသို့ဆွေးနွေးခဲ့ရာတွင် ဦးထွန်းထွန်းဦးမှ အွန်လိုင်းဖြင့် ဈေးဝယ်ယူခြင်းအတွက် အားသာချက်/ အားနည်းချက်များကိုလည်းကောင်း၊ အွန်လိုင်းရောင်းချမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်များကိုလည်းကောင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံး သူများ စိစစ်သင့်သည့် အချက်အလက်များကိုလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မှုများနှင့် မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို စားသုံးသူပြည်သူ (၆) ဦးတက်ရောက်ခဲ့ပြီး (၁၀:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိ ရပါသည်။
DOCA (ရန်ကုန်)
