Main menu

မုံရွာမြို့နယ်၊ ထနောင်းတောကျေးရွာတွင် ပဲကြီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

Powered by Drupal

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ထနောင်းတောကျေးရွာ၌ လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ပဲစင်းငုံ၊ ပဲကြီး၊ စပါး၊ ကြက်သွန်နီ၊ ကုလားပဲ၊ မြေပဲနှင့်နှမ်း စသည့်သီးနှံများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ပဲကြီးသီးနှံ ကို စိုက်ဧက ၁၀ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

              ပဲကြီးသီးနှံကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး ၄ လခန့် အကြာတွင် ခူးဆွတ် ရိတ်သိမ်းရကြောင်း၊ ပဲကြီးစိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုး ၁၀ ပြည်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစုများနှင့်လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၅ သိန်းခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပဲကြီး ၁၅-၁၇ တင်း ခန့်ထွက်ရှိပြီး ဇန်နဝါရီလ ဒုတိယပတ်တွင် ပဲကြီးတစ်တင်းလျှင် ငွေကျပ် ၁၉၃၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ  အကျိုးအမြတ်အနေဖြင့် ငွေကျပ်  သိန်း ၂၀ ကျော် ခန့်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ပဲကြီးသီးနှံများကို မုံရွာမြို့ပေါ်ရှိပွဲ ရုံများ နှင့်ပဲကြော် ဖိုလုပ်ငန်း များသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

           ယခုအချိန်တွင် ပဲကြီးသီးနှံစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး သီးနှံပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲကြီးစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)