
စစ်ကိုင်းတိုင်းဒေသကြီး၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း မုံရွာမြို့ရှိ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် လက်ကားဈေး (၉၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ နှမ်းဈေးနှုန်းများမှာ နှမ်းဖြူတစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၂၄၅၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ နေကြာတစ်တင်းလျှင် (၅၈၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။
အလားတူပင် မြေပဲဆီတစ်ပိဿာလျှင် လက်ကားဈေး (၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် လက်ကားဈေး (၁၁၅၀၀)ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် လက်ကားဈေး (၁၅၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် လက်ကားဈေး (၇၀၂၅) ကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
