
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် ရွှေတောင်မြို့ (အ.မ.က)မင်းတဲကျွန်းကျောင်းသို့ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု- ဦးစီးမှူး ဒေါ်နွေးဒါလီနိုင်မှ စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းပုံပြင်ပြောခြင်း၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်မှ တိုင်းရင်းဆေးများနှင့် ပတ်သက်သည့်အကြောင်း အရာများအား အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒေါ်သပြေမှ အားကစား၏ အဓိပ္ပါယ်နှင့် ကာယသရုပ်ပြခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ယဉ်ယဉ်ဆင့်က စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါရှိသော ကုန်အညွှန်းအမှတ်အသား(၈)ချက်အား ဆွေးနွေးပြောကြားခြင်း၊ ဘေးအန္တရာယ်ကင်းစွာ စားသောက်တတ်စေရန် နည်းလမ်းများ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားရန်နည်းလမ်းများအကြောင်းနှင့် Call Center 1535 သို့လည်း အလွယ်တကူတိုင်ကြားနိုင်ကြောင်းဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ (၅၄)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
