Main menu

ကျွန်းလှမြို့တွင် ရောင်းချနေသော ပဲငပိအစို နှင့် ပဲငပိခြောက် ဈေးနှုန်း

Powered by Drupal

                ကျွန်းလှမြို့ရှိ ရပ်ကွက်ဈေးများအတွင်းရှိ ဈေးဆိုင်များတွင် ပဲပုတ် ပဲငပိများကို မိမိတို့ဒေသထွက် ကိုယ်တိုင်လုပ်ရောင်းခြင်းနှင့် ကာဘိုးကျေးရွာတို့ မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

           ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်းရှိ ဈေးဆိုင် များတွင်  ရောင်းချနေ‌သော ပဲပုတ် ပဲငပိအစို ဈေးနှုန်းများမှာ ပဲပုတ် ပဲငပိအစို လက်လီ တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ ပဲပုတ်ပဲငပိခြောက် ဈေးနှုန်းများမှာ ပဲပုတ် ပဲငပိခြောက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ပဲပုတ် ပဲငပိခြောက် (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်၊ ရောင်းချလျက်ရှိကြောင်း ယခင်အပတ်ထက် ပဲငပိအစို တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ပဲငပိခြောက် တစ်ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။

DOCA(စစ်ကိုင်း)