Main menu

“ စားသုံးသူရေးရာဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံး၌ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်”

Powered by Drupal

         မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြင်ဦးလွင်မြို့ရှိ စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ပြင်ဦးလွင်မြို့မစျေးရှိ ဆန်အရောင်းဆိုင်ပိုင်ရှင်များနှင့် ဆန်ကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင်ပြင်ဦးလွင်ခရိုင် တာဝန်ခံ ဦးသက်လွင်ထူး (ဦးစီးအရာရှိ)က ဆန်အရောင်းဆိုင်များအနေဖြင့်  သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က ဆန်တန်ချိန် (၂၅)တန် အထက် သိုလှောင် ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ လစဉ်(၁)ရက်နေ့မှ(၁၀)ရက်နေ့အတွင်း ဆန်/စပါး သိုလှောင်ရုံများရှိ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ စာရင်းများရေးသွင်းခြင်းလုပ်ငန်းများအား အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီး ပြင်ဦးလွင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ စျေးတာဝန်ခံက မိမိတို့အနေဖြင့် စျေးကွက်အတွင်း ဖြစ်ပေါ်နေသည့် ကုန်စျေးနှုန်းစာရင်းများအား အထက်ဌာနအဆင့်ဆင့်သို့ တင်ပြရကြောင်း၊ တက်ရောက်လာသော ဆန်ကုန်သည်များအနေဖြင့် သတ်မှတ်ထားသော ရည်ညွှန်းစျေးထက်ကျော် လွန်ရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။  အဆိုပါ ဆွေးနွေးပွဲသို့ ပြင်ဦးလွင်မြို့ရှိ ဆန်ကုန်သည်လုပ်ငန်းရှင် (၁၄)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(မန္တလေး)